အမေ့လျော့ခံများ

ဒုတိယကမ္ဘာစစ်ကာလ အာရကန်ပြည်အတွင်း ဂျပန်တို့အား တိုက်ထုတ်စဥ် ပါဝင်ခဲ့မှုများ

Unknown/Courtesy Irwin Family

“တိုက်ဖို့ပဲဖြစ်ဖြစ်၊ ခုခံဖို့ပဲဖြစ်ဖြစ် ကျွန်တော့်မှာ လက်နက်မရှိဘူး။ ဘေးနားလေးတင် ကျည်တွေကပ်ဖြတ်သွားတာ၊ လက်ပစ်ဗုံးကနေ သီသီလေးလွတ်သွားတာ၊ လက်နက်ကြီးကျည်လိုမျိုးက ပါးကို ပူခနဲဖြစ်အောင်ဖြတ်သွားတာမျိုးကြုံခဲ့ရတယ်”

ဇိန်းအူဒင်

လက်ထောက် ဆက်ဆံရေးအရာရှိ

“V” တပ်ဖွဲ့

ဧပြီ ၂၅၊ ၁၉၄၃


၁၉၄၁ ခုနှစ် နှောင်းပိုင်းတွင် ဂျပန်များက မြန်မာပြည်ကို ကျူးကျော်ပြီးနောက် အာရကန်ဒေသတွင်း သဘောထားကွဲမှုများ ဖြစ်ခဲ့သည်။ အတူယှဥ်တွဲတည်ရှိခဲ့သည့် လူထုအသိုက်အဝန်းများမှာ စစ်ပွဲအတွင်း မတူညီသည့် ဘက်များမှ ရပ်တည်ခဲ့ကြသည်။ ရိုဟင်ဂျာများ (ထိုစဥ်က ဗြိတိသျှဆက်သွယ်ရေးစာများတွင်မူ အာရကန်မူဆလင်များ/မူဆလင်များဟုသုံးခဲ့သည်) က ဗြိတိသျှဘက်မှ အာရကန်ဗုဒ္ဓဘာသာဝင်များ (ယနေ့ခတ် ရခိုင်များ) က ဂျပန်ဘက်မှ ရပ်တည်သည့် မြန်မာအမျိုးသားရေးတပ်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည်။

၁၉၄၂ ခုနှစ် ဧပြီလတွင် ချီတက်လာသည့် ဂျပန်စစ်တပ်ကို အိန္ဒိယတပ်များနှင့်အတူ ခုခံကာကွယ်ရန် ဗြိတိသျှစစ်တပ်က အာရကန်ပြည်တွင်း၌ “V” ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ “V” တပ်ဖွဲ့ကို ထောက်လှမ်းရေးများအဖြစ် ဒေသခံများအပေါ် အားထားကြသည့် ဗြိတိသျှအရာရှိများဖြင့် ဖွဲ့စည်းထားသည်။ ထို ဒေသခံထောက်လှမ်းရေးများက ဂျပန်တို့ ထိန်းချုပ်ထားရာ နေရာများတွင် အလုပ်လုပ်ကာ ဂျပန်တပ်များ၏ တည်နေရာများနှင့် လှုပ်ရှားမှုများကို ဗြိတိသျှတို့ထံ သတင်းပို့ပေးသည်။ တချို့သော အခြေအနေများတွင် ချုံခိုတိုက်ခိုက်မှုများ နှင့် စစ်ကြောင်းထိုးမှုများတွင် ပါဝင်ခဲ့ကြသည်။

အာရကန်ပြည်တွင် ရိုဟင်ဂျာအမျိုးသားများက “V” တပ်ဖွဲ့အတွက် ကင်းထောက်များနှင့် သူလျှိုများအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ ချင်း၊ နာဂ၊ လူရှိုင်း နှင့် ခူမီးကဲ့သို့သော အခြား လူမျိုးစုများကလည်း အာရကန်ပြည်ရှိ ဗြိတိသျှတို့နှင့် လက်တွဲလုပ်ကိုင်ခဲ့သည်။ မြန်မာပြည်အခြားသောဒေသများရှိ ကရင်၊ ကရင်နီနှင့် ကချင်တို့ကလည်း ဗြိတိသျှများနှင့် အတူတိုက်ခဲ့ကြသည်။ အာရကန်ပြည်သည် မြန်မာပြည်တွင် ဂျပန်များ အဓိကချေမှုန်းခံရသည့် ပထမဆုံးသော နေရာတစ်ခုဖြစ်လာခဲ့သည်။

Hindustan Times - Burma
Hindustan Times - Burma
Hindustan Times - Burma
Hindustan Times - Burma
Hindustan Times - Burma
Hindustan Times - Burma
Hindustan Times - Burma

The Hindustan Times နှင့် The Statesman တို့တွင် ၁၉၄၁ ဒီဇင်ဘာလ မှ ၁၉၄၂ မေလအထိဖော်ပြခဲ့သည့် သတင်းခေါင်းစဥ်များနှင့် ဆောင်းပါးများအပြင် ဒုတိယဗိုလ်ချုပ်ကြီး Noel M.S. Irwin ၏ ကိုယ်ပိုင်မှတ်တမ်းများကို ဖော်ပြထားခြင်းဖြစ်သည်။ ၎င်းသည် ဗြိတိသျှစစ်တပ်အတွက် အာရကန်ပြည်တွင်း၌ ၁၉၄၁ ခုနှစ်မှ ၁၉၄၃ ခုနှစ် အစောပိုင်းအထိ အမှုထမ်းခဲ့သည်။

Background: Greg Constantine/Courtesy: Irwin Family
British Library: Hindustan Times - SM27
The Statesman (Calcutta) MC1132

“ရန်သူတွေက ထိုးစစ်ဆင်ဖို့အတွက် သေချာကို တက်တက်ကြွကြွနဲ့ ပြင်ဆင်နေခဲ့ကြတယ်” ဟု “V” တပ်ဖွဲ့အတွက် လက်ထောက်ဆက်ဆံရေးအရာရှိအဖြစ် အမှုထမ်းခဲ့သည့် ရိုဟင်ဂျာအမျိုးသား ဇိန်းအူဒင်က ၁၉၄၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ရေးသားခဲ့သည်။​ အာရကန်ပြည်၊ ကျောက်တော်ဒေသအတွင်း ဂျပန်တပ်များ ချီတက်လာပုံကို ရေးသားခဲ့ခြင်းဖြစ်သည်။​ 

“လူတိုင်းက ရန်သူတွေဘာလုပ်နေလဲဆိုတာ သိကြသလို အာရကန်လူမျိုး(ဗုဒ္ဓဘာသာဝင်) တွေ ကြီးစိုးလာတော့မှာကိုတွေးပြီး တုန်လှုပ်ခဲ့ကြရတယ်” 

ဗြိတိသျှအကြီးတန်းစစ်အရာရှိများထံပေးပို့ခဲ့သည့် လျှို့ဝှက်အစီရင်ခံစာတွင် ၎င်းကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

ဇိန်းအူဒင်ကို အာရကန်ပြည်အလယ်ပိုင်းရှိ၊ ကျောက်တော်မြို့အနီးတွင် မွေးဖွားခဲ့သည်။ “V” တပ်ဖွဲ့တွင် ၎င်း၏ ကဏ္ဍမှာ ကျောက်တော်မှ ဒေသခံရိုဟင်ဂျာ အမျိုးသားများကို ဗြိတိသျှကင်းလှည့်တပ်များအတွက် လမ်းပြအဖြစ် တာဝန်ပေးရန်ဖြစ်သည်။ ဂျပန်တပ်များ ချီတက်လာသည့်အခါတွင် “V” တပ်ဖွဲ့၌ရှိသည့်  ဇိန်းအူဒင်နှင့် အခြားရိုဟင်ဂျာများသည် ကျောက်တော်မှနေ၍ ဗြိတိသျှတပ်များ ပြန်ဆုတ်တော့မည်ကို သိခဲ့ကြသည်။​ ထိုသို့ ပြန်ဆုတ်ပါကလည်း အကြီးအကျယ်ဒုက္ခရောက်သွားမည်ဖြစ်သည်။

ရှေ့တစ်နှစ်ဖြစ်သည့် ၁၉၄၂ ခုနှစ်အစောပိုင်းကာလတွင် အာရကန်ပြည်တွင်းသို့ ဂျပန်တပ်များ ကနဦးချီတက်လာသည့်အခါ ဗြိတိသျှအိန္ဒိယလုံခြုံရေးအတွက် ပြန်ဆုတ်ခွာခဲ့ကြသည်။ ထိုအခါ အာရကန်ပြည်တွင်း၌ ဦးဆောင်သူ လစ်လပ်သွားခဲ့သည်။ စစ်အတွင်းက သဘောထားကွဲမှုများကြောင့် ဒေသခံအသိုက်အဝန်းများကြား တင်းမာမှုများက အာရကန်ပြည်တွင်းရှိ မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ရန်လိုမှုများဖြစ်စေခဲ့သည်။ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များ အပြန်အလှန်သတ်ဖြတ်ခဲ့ကြသည်။ အသိုက်အဝန်းနှစ်ခုစလုံးမှ ထောင်သောင်းချီသောလူများမှာ သတ်ဖြတ်ခံခဲ့ရသည်။

၁၉၄၂ ခုနှစ် နှောင်းပိုင်းတွင် ဗြိတိသျှတပ်များက အာရကန်ပြည်၏ အစိတ်အပိုင်းတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဗြိတိသျှများက ကျောက်တော်မြို့ကို ပြန်လည်ထိန်းသိမ်းသည့်အခါ ဇိန်းအူဒင်နှင့် ရိုဟင်ဂျာအသိုက်အဝန်းက ဗြိတိသျှတို့ အနေဖြင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည်ဆောက်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ “ဗြိတိသျှတပ်တွေ ရောက်လာခဲ့ပေမယ့် အခြေအနေတွေက တိုးတက်မလာခဲ့ဘူး” ဟု ၎င်းက ရေးသားခဲ့သည်။

၁၉၄၃ ခုနှစ် အစောပိုင်းတွင် ဂျပန်တပ်များက နောက်ထပ် ထိုးစစ်တစ်ခုကို ဆင်နွှဲခဲ့သည်။ ဗြိတိသျှတပ်များကလည်း ဒုတိယအကြိမ် ဆုတ်ခွာရန် ပြင်ဆင်ထားခဲ့သည်။ ဇိန်းအူဒင်က အဆိုးဆုံး အခြေအနေများဖြစ်လာမည်ကို စိုးထိတ်နေခဲ့သည်။ ကျန်ရစ်ခဲ့သူများအနေဖြင့် အာရကန်ဗုဒ္ဓဘာသာဝင်များ၏ရန်မှ ထပ်မံ၍ အကာအကွယ်မဲ့သွားနိုင်သည်။

“ V တပ်ဖွဲ့ရဲ့ တပ်သားဟောင်းတွေကိုယ်စား သူတို့တပ်တွေနဲ့ အတူ ဘေးလွတ်ရာကို ကယ်ထုတ်ဖို့ ဒါမှမဟုတ် အညာအတာမဲ့တဲ့ ရန်သူတွေတိုက်ခိုက်လာတဲ့အခါ အသက်ကို ကာကွယ်နိုင်ဖို့အတွက် လက်နက်တချို့ပေးခဲ့ဖို့ကို အသနားခံခဲ့ပါတယ်”

ဇိန်းအူဒင်

လက်ထောက် ဆက်ဆံရေးအရာရှိ

“V” တပ်ဖွဲ့

ဧပြီ ၂၅၊ ၁၉၄၃

Arakan - Bawli Bazar - Burma - V Force

အာရကန်ပြည်မြောက်ပိုင်း၌ V တပ်ဖွဲ့အတွက် အမှုထမ်းခဲ့သူ ဗိုလ်ကြီး Anthony Irwin၏ ကိုယ်ပိုင်ဓာတ်ပုံအယ်လ်ဘမ်။ ဤစာမျက်နှာများက ၁၉၄၃ ခုနှစ်၊ အာရကန်ပြည်မြောက်ပိုင်း၊ မောင်တောမြို့၊ ဘော်လီဘာဇားရှိ အမှတ် ၂၆ အိန္ဒိယခြေလျင်တပ်ရင်း ရုံးချုပ်ပုံနှင့် ၁၉၄၄ ခုနှစ်က ဗြိတိသျှတို့၏ အမြောက်ကျည်ကို စောင့်ကြည့်နေသူတစ်ဦး။

Unknown/Courtesy Irwin Family

ဒုတိယကမ္ဘာစစ် မတိုင်မီက ဇိန်းအူဒင်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး၊ ကျောင်းအုပ်တစ်ဦးဖြစ်ခဲ့သည်။ ၎င်းကို မွေးဖွားစဥ်က မြန်မာပြည်မှာ ဗြိတိသျှအိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ ကာလကတ္တားတွင် တက္ကသိုလ်တက်ခဲ့ပြီး ကျောင်းပြီးသည့်အခါ နေရပ်ပြန်လာခဲ့သည်။ မြန်မာပြည်၏ ပညာတတ်လူငယ် အသိုင်းအဝိုင်းတွင် ဗြိတိသျှဆန့်ကျင်ရေးမှာ မြင့်တက်နေခဲ့သည်။ ၁၉၂၀ ခုနှစ်တွင် ဗြိတိသျှကိုလိုနီပညာရေး စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်မှု၌ ပါဝင်ခဲ့သည်။ မြန်မာသင်ရိုးညွှန်းတမ်းဖြင့် အဓိက သင်ကြားသည့် ပထမဆုံးသော ပုဂ္ဂလိကကျောင်းများထဲမှ တစ်ခုဖြစ်သည့် အမျိုးသားအထက်တန်းကျောင်းကို အာကျပ်ခရိုင် (ယနေ့ခေတ် စစ်တွေ) ၌ တည်ထောင်နိုင်ရန် ကူညီပေးခဲ့သည်။ ထိုကျောင်းကို ၁၉၂၁ ခုနှစ်၌ ဖွင့်လှစ်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့် မူဆလင်ကျောင်းသားများက နောက်နှစ်ပေါင်း ၂၀ ထိတိုင် ထိုကျောင်း၌ တက်ရောက်ခဲ့ကြသည်။ ၎င်းမှာ ကျောင်း၏ ဒုတိယမြောက် ကျောင်းအုပ်ဖြစ်သည်။ ဂျပန်တို့သိမ်းပိုက်ထားစဥ်က ကျောင်းမှာ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ရာနေရာဖြစ်လာခဲ့သည်။ ဂျပန်များကို တိုက်ထုတ်နိုင်မှသာလျှင် ဇိန်းအူဒင်အနေဖြင့် ပညာသင်ကြားရေးဘက်ကို ပြန်လှည့်နိုင်မည်ဖြစ်သည်။ “V” တပ်ဖွဲ့၌ ၎င်းနှင့် အခြားရိုဟင်ဂျာများက ထိုသို့ဖြစ်လာအောင် ကူညီနိုင်ခဲ့သည့်တိုင်အောင် ၁၉၄၃ ခုနှစ် အစောပိုင်း၌ ဂျပန်တပ်များ ကျောက်တော်သို့ ထပ်မံချီတက်လာသည့်အခါ ဂျပန်တို့ ရှုံးနိမ့်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

ဇိန်းအူဒင်၏ အထက်လူကြီးများထံ တင်ပြတောင်းခံမှုမှာ ငြင်းပယ်ခံခဲ့ရသည်။

“အာရကန်ရွာတွေကို ဖြတ်လာတဲ့အခါ တောထဲကနေ ကျည်တွေက တရစပ်ထွက်လာတယ်။ ပိုဆိုးသွားတာက ဂျပန်တပ်သား အယောက် ၃၀ လောက်က ရွာထဲကို ကိုယ်ယောင်ပြဝင်လာကြတယ်”

“ဒါကိုမြင်လိုက်တာနဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေကလည်း ကျားလိုက်သလိုကို ပြေးကြရတော့တာ” ဟု ဗြိတိသျှအိန္ဒိယ တပ်သားများ ဆုတ်ခွာရပုံကို ဖော်ပြခဲ့သည်။ ၎င်းမှာ ပြေးရင်းလွှားရင်း မြေပေါ်သို့ နှစ်ကြိမ်လဲကျခဲ့ပြီး ဂျပန်တို့က တိုက်နေစဥ်အတွင်း မြေတွင်တွားသွား၍ သွားခဲ့ရသည်။ လမ်းတစ်လျှောက်တွင်လည်း ရနိုင်သမျှ ရိုင်ဖယ်နှင့် ကျည်တို့ကို သယ်ယူရသေးသည်။ အရေးပါသည့် မြေပုံကိုလည်း အရယူနိုင်ခဲ့သည်။

“ကျွန်တော်က မြေပုံကို သယ်ခဲ့တာ။ ရန်သူလက်ထဲရောက်မှာကို စိုးတာနဲ့ အပိုင်းပိုင်းဆုတ်ဖြဲပြီး လေထဲကို ပစ်ခဲ့ရတယ်”

ဇိန်းအူဒင်သည် ကျောက်တော်မြို့မှ လွတ်မြောက်လာခဲ့သည်။ ၁၉၄၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ရေးသားခဲ့သည့် ၎င်း၏ အစီရင်ခံစာထဲမှ ကောက်နုတ်ချက်များမှာ နယူးဒေလီရှိ ဗြိတိသျှအိန္ဒိယစစ်တပ်ဗဟိုရုံးချုပ်သို့ ၁၉၄၃ ခုနှစ် မေလတွင် ရောက်လာခဲ့သည်။ ၁၉၄၃ ခုနှစ် ကျောက်တော်မြို့မှ ဗြိတိသျှများ ဒုတိယအကြိမ်ဆုတ်ခွာရပြီးနောက် နောက်ထပ် လူအစုလိုက်အပြုံလိုက်သတ်မှု ဖြစ်ပွားခဲ့သည်။ သေဆုံးခဲ့ရသည့် ရိုဟင်ဂျာမူဆလင်အရေအတွက်ကိုမူမသိခဲ့ရပေ။ ထိုနှစ်ထဲ၌ပင် အာကျပ်ခရိုင်ရှိ အမျိုးသားအထက်တန်းကျောင်းမှာ မဟာမိတ်များက ဗုံးကြဲသဖြင့် ပျက်စီးခဲ့သည်။

“ယခုအခါတွင် ကျွန်ုပ်၏ အက်ဆေးကို အဆုံးသတ်ပြီဖြစ်ပြီး ကျွန်ုပ်၏ အမြင်များကို ဖော်ပြပြီးဖြစ်သည်။ ဤစာကို ကျွန်ုပ်၏ စိတ်ရင်းအတိုင်း ဆုတောင်းခြင်းဖြင့် အဆုံးသတ်လိုပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အလျင်အမြန်အောင်ပွဲပေးရန်နှင့် လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းရေးကို တစ်ဖန်ပြန်လည်ဆောင်ကြဥ်းပေးရန် တောင်းဆုပြုလိုပါသည်”

Zain Uddin - Rohingya
ဇိန်းအူဒင်
လက်ထောက် ဆက်ဆံရေးအရာရှိ
ဧပြီ ၂၅၊ ၁၉၄၃။
Boli Bazar, Arakan
Burma

Background: Courtesy Irwin Family
Unkonwn

Burma, WWII, Arakan
Unknown/Courtesy Irwin Family
ဒုတိယကမ္ဘာစစ်အတွင်း အာရကန်ပြည်၌ ဗြိတိသျှတို့၏ အခြေအနေ အစီရင်ခံစာများနှင့် ဆက်သွယ်ရေးတို့ အကြောင်း အစီရင်ခံစာများမှ ကောက်နုတ်ထားချက်များ

            ၁၉၄၂ ခုနှစ်၊ ဇွန်လထဲ၌ ကျောက်တော်မြို့တွင် ဖြစ်ပွားခဲ့သည့် မူဆလင်များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကဲ့သို့သော အဖြစ်အပျက်များနှင့် ဒေသခံလူစုများအကြား တင်းမာမှုများ မြင့်တက်လာနေသည်ဟူသည့်သတင်းများလည်း ရရှိထားသည်။

                    ဘူးသီးတောင် အုပ်ချုပ်ရေးဒေသခွဲရှိ ဗုဒ္ဓဘာသာနှင့် ဆက်စပ်သည့် နောက်ကြောင်းရာဇဝင်များအားလုံးကို ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်။ ဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများအားလုံး အစအနမကျန်အောင် ဖြိုဖျက်ပြီး ဖြစ်သည်။

ဗြိတိသျှပြောက်ကျားများအားလုံးမှာ မူဆလင်များဖြစ်ကြသည့်အတွက် အာရကန်ပြည်ပိုင်နက်မှာ ရန်သူ့နယ်မြေပိုင်နက်အဖြစ် သတ်မှတ်ထားသည်။

            နောင်လာမည့် အချိန်အတိုင်းအတာတစ်ခုအထိ လူမျိုးစုများကို ခွဲခြားထားရမည်ဟု သဘောတူညီခဲ့ကြသည်

            ထို့ကြောင့် နိုင်ငံရေးအခြေအနေမှာ အရေးကြီးနေသည်။ စိတ်ခံစားမှုများမှာ အဆမတန်အရှိန်မြင့်တက်လာပြီး အကြမ်းဖက်မှုများမှာလည်း အချိန်အတော်ကြာသည်အထိ ထိန်းသိမ်းရခက်နေသောကြောင့် မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ယုံကြည်မှုလည်း လုံးလုံးလျားလျား ပျောက်ဆုံးခဲ့ရသည်။

     အငြင်းပွားဖွယ်များရှိနိုင်သည့်တိုင်အောင် ပြဿနာ၏ အမှန်တကယ် အစပြုရာမှာ အာရကန်ပြည်တောင်ပိုင်း၌ ဗုဒ္ဓဘာသာဝင်များက မူဆလင်များကို တိုက်ခိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

            … ၁၉၄၃ ခုနှစ်တွင် ကျွန်ုပ်တို့ ရွှေ့ပြောင်းခဲ့ပြီးနောက် ပီချောင်းဝ အနီးနေထိုင်သည့် ၎င်းတို့ထဲမှ အများအပြားမှာလည်း သတ်ဖြတ်ခံခဲ့ရသည်။

               ကျွန်တော်ပြောလိုတာကတော့ အာရကန်ပြည်မြောက်ပိုင်း ကျွန်တော်တို့ နေလာတဲ့တစ်လျှောက် (သြဂုတ်၊ ၁၉၄၂ ခု ကနေ ဂျပန်စစ်ပြီးတဲ့အထိ) မူဆလင်တွေရဲ့ သစ္စာခံမှုဟာ မယိမ်းမယိုင် ရှိခဲ့ပါတယ်။

Excerpts: The National Archives UK: DO 142/453, WO 203/309
British Library: IOR R/8/9, Mss Eur F/180/38
Background - MSS Eur E/215/68

ဗိုလ်ကြီး Anthony S. Irwin နှင့် ၎င်း၏ ဖခင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Noel  M.S. Irwin တို့၏ သီးသန့်ကိုယ်ပိုင် စာများ၊ ဒိုင်ယာရီများနှင့် ဓာတ်ပုံအယ်လ်ဘမ်များ။ ၎င်းတို့ နှစ်ဦးစလုံးမှာ ဒုတိယကမ္ဘာစစ်အတွင်း အာရကန်ပြည်၌ ဗြိတိသျှစစ်တပ်အတွက် အမှုထမ်းခဲ့ကြသည်။

Greg Constantine/Courtesy Irwin Family

၁၉၄၃-၄၄

၁၉၄၃ ခုနှစ်၊ ဧပြီလ အစောပိုင်းတွင် အသက် ၂၄ နှစ်အရွယ် ဗိုလ်ကြီး Anthony S. Irwin က အာရကန်ပြည်သို့ရောက်လာခဲ့သည်။ ၎င်းမှာ ဒါကာနှင့် ပြင်သစ်တို့၌ ဗြိတိသျှတပ်အတွက် အမှုထမ်းခဲ့ပြီးဖြစ်သည်။ ၁၉၄၃ ခုနှစ်၌ ၎င်းနှင့် အခြားဗြိတိသျှအရာရှိတစ်စုက အာရကန်ပြည်တွင်း “V” တပ်ဖွဲ့အတွက် အမှုထမ်းရန် ယုံကြည်ရသည့် ဒေသခံများပါဝင်သော ကွန်ယက်တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ အာရကန်ပြည်မြောက်ပိုင်း၌ အာဝင်သည် ရိုဟင်ဂျာများနှင့် အဓိက အလုပ်လုပ်ကိုင်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊ တောင်ဘာဇားရှိ ပြောက်ကျားဌာနချုပ်များ၌ “V” တပ်ဖွဲ့နှင့်အတူ အာဝင်က အခြေစိုက်ခဲ့သည်။ ဒေသခံ ရိုဟင်ဂျာ ကင်းထောက်ကွန်ယက်ထဲတွင် လယ်သမားများ၊ ရွာသူကြီးများ၊ ရဲအရာရှိဟောင်းများ၊ အစိုးရစာရေးများ၊ ကျောင်းအုပ်များနှင့် ဆရာများပါဝင်ခဲ့ကြသည်။ Irwin က ရိုဟင်ဂျာအသိုက်အဝန်းအပေါ် အလွန်လေးစားခဲ့သည်။ ထို လေးစားမှုကို ၎င်း၏ စာအုပ်ဖြစ်သည့် Burmese Outpost နှင့် ၎င်း၏ ဒိုင်ယာရီများထဲတွင်တွေ့နိုင်သည်။ ၁၉၄၅ ခုနှစ် အစောပိုင်း၌ အဆိုပါစာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်မှာ ဒုတိယကမ္ဘာစစ်အတွင်း အာရကန်ပြည်မြောက်ပိုင်းရှိ စစ်ပွဲအကြောင်းနှင့် ဂျပန်များကို တိုက်ထုတ်ရန် ဗြိတိသျှတို့၏ ကြိုးပမ်းမှု၌ ရိုဟင်ဂျာ အသိုက်အဝန်း၏ ပါဝင်ခဲ့မှုများကိုပထမဆုံးမျက်မြင်မှတ်တမ်းတင်ထားသည့် အနည်းငယ်သော မှတ်တမ်းများထဲမှ တစ်ခုဖြစ်သည်။

V Force, Rohingya, Arakan Journals

အာရကန်ပြည်၌ ၁၉၄၃ ခုနှစ်အတွင်း မှတ်တမ်းတင်ထားသည့် Irwin ၏ ကွင်းဆင်းမှတ်တမ်းစာအုပ်များထဲမှ နှစ်အုပ်နှင့် ဒိုင်ယာရီ။

Greg Constantine/Courtesy Irwin Family

“သူတို့တွေက သေနတ်တွေ၊ ရိုင်ဖယ်တွေနဲ့ ရင်ဆိုင်ခဲ့တာမဟုတ်ဘဲ သစ္စာရှိမှုရယ်၊​သတ္တိရယ်နဲ့ပဲ ရင်ဆိုင်ခဲ့ကြတာ။ နေ့တိုင်းမှာ ရန်သူ့စစ်မြေပြင်ထဲကို လူတစ်ဒါဇင်လောက်လောက်သွားပြီး အလုပ်လုပ်ကြတယ်။ တစ်ပတ်လောက်ကြာတဲ့အခါ သတင်းတွေနဲ့အတူပြန်လာကြတယ်။ တချို့ကတော့ ပြန်မလာနိုင်ဘူး။ အဲ့ဒီလိုမျိုး သစ္စာရှိမှုနဲ့ သတ္တိရှိမှုတွေကို မေ့လို့ ရနိုင်ပါ့မလား”

Captain Anthony S. Irwin

ကိုယ်ပိုင် ဒိုင်ယာရီ အစပိုင်း

နိုဝင်ဘာ ၂၃၊ ၁၉၄

အာရကန်ပြည်တွင်းရှိ ရိုဟင်ဂျာလှုပ်ရှားသူများအကြောင်းကို ရည်ညွှန်းရေးသားထားပုံ

V Force Burma

Irwin ၏ ကွင်းဆင်းမှတ်တမ်းများထဲမှ တစ်ခုမှာ ၁၉၄၃ ခုနှစ် ၎င်း အာရကန်ပြည်၌ ရှိနေစဥ်က ဖြစ်သည်။ ဤစာမျက်နှာမှာ အောက်တိုဘာ၊ ၁၉၄၃ ခုနှစ်က ကြေညာချက်အကြမ်းကို ဖော်ပြထားခြင်းဖြစ်သည်။ ထိုကြေညာချက်မှာ “V” တပ်ဖွဲ့တွင်းသို့ ဒေသခံရွာသားများကို ထည့်သွင်းရန်နှင့် ဂျပန်များကို ဗြိတိသျှတို့က တိုက်ခိုက်တော့မည့်အကြောင်းကို သတင်းပေးရန်ဖြစ်သည်။

Greg Constantine/Courtesy Irwin Family
Arakan, Burma, WWII
Arakan 1943
Unknown/Courtesy Irwin Family
Arakan 1943

၁၉၄၃၊ အာရကန် ဟု အမှတ်အသားပြုထားသည့် ဗိုလ်ကြီး Anthony Irwin ၏ ကိုယ်ပိုင်ဓာတ်ပုံအယ်လ်ဘမ်။ ၁၉၄၃ ခုနှစ် အာရကန်ပြည်၊ ဘူးသီးတောင်မြို့၊ တောင်ဘဇားရှိ “V” တပ်ဖွဲ့ ပြောက်ကျားရုံးချုပ်၌ တွေ့ရသည့် Irwin (ဘယ်) နှင့် ရိုဟင်ဂျာ (အာရကန်မူဆလင်) ကင်းထောက်တစ်စု။ တွဲလျက်တွေ့ရသည်မှာ ဓာတ်ပုံနောက်ဘက်၌  လက်ရေးဖြင့်ရေးထားသည့် Irwin ၏ မှတ်ချက်ဖြစ်သည်။

Rohingya NRC card
Rohingya passport
Rohingya passport
Courtesy Irwin Family

၎င်း၏ ကွင်းဆင်းမှတ်တမ်းများထဲမှ တစ်ခုတွင် Irwin က ၁၉၄၃ ခုနှစ်နှောင်းပိုင်းက “V” တပ်ဖွဲ့၌ အမှုထမ်းခဲ့သည့် ရိုဟင်ဂျာခေါင်းဆောင်များ၏ အမည်များကို စာရင်းပြုစုထားသည့် စာမျက်နှာအများအပြားကိုတွေ့ရသည်။ Ek Khaale ပရောဂျက်ရိုက်ကူးနေစဥ်အတွင်း တွေ့ခဲ့ရသည်မှာ ကွင်းဆင်းမှတ်တမ်းအတွင်း ဖော်ပြထားသူ သုံးဦးဖြစ်သည့် အူလှမီယာ (အပေါ်)၊ အာဗ်ဒူလ်ဆလမ် (အလယ်) နှင့် ကွင်းဆင်းမှတ်တမ်းစာအုပ်၏ နောက်တစ်မျက်နှာတွင်ဖော်ပြထားသည့် အမိရ်ဟားမ်ဇား (အောက်) တို့၏ မူရင်းနိုင်ငံကူးလက်မှတ်များနှင့် အမျိူးသားမှတ်ပုံတင် သက်သေခံကပ်ပြားများ ဖြစ်သည်။

Bawli Bazar, 1943
Sampans at Bawli

၁၉၄၃ ခုနှစ်တွင် မောင်တောမြို့၊ ဘော်လီဘာဇားရှိ ပြူးမချောင်းမြစ်ကမ်းတွင် ဒေသသုံးလှေများ (သမ္ဗန်များ) ဆိုက်ကပ်ထားသည်ကိုတွေ့ရစဥ်။ ဘော်လီဘာဇားသည် အာရကန်ပြည်တွင်းရှိ “V” တပ်ဖွဲ့နှင့် ဗြိတိသျှစစ်တပ်တို့အတွက် အဓိကကျသည့် အခြေစိုက်စခန်းဖြစ်ခဲ့သည်။

Unknown/Courtesy Irwin Family
The Sphere, Arakan 1944

The Sphere Magazine  (ဗြိတိန်) ၌ အာရကန်ပြည်ရှိ ကမ်ပိန်းအကြောင်းဆောင်းပါးကို ဖော်ပြခဲ့သည်။ မောင်တော-ဘူးသီးတောင် လှိုင်ခေါင်းသည် ယနေ့ထိတိုင်ရှိနေဆဲ ဖြစ်သည်။ ၁၉၄၅ ခုနှစ် အစောပိုင်း၌ ဗြိတိသျှနှင့်အိန္ဒိယတပ်များ ကုလားတန်မြစ်တွင်းသွားလာနေပုံ။

The National Archives UK: DEFE 2/653
The Sphere - Nov 1, 1943, Nov 18, 1944
The Sphere, Arakan 1944

၁၉၄၄ ခုနှစ်၌ အာရကန်ပြည်တွင်း ဂျပန်များကို ဗြိတိသျှတို့က နှိမ်နင်းခဲ့ပုံအား The Sphere Magazine ၌ ဖော်ပြထားသည့်ဆောင်းပါး။

The Sphere: March 11, 1944/Greg Constantine

၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဗြိတိသျှတပ်များက ငကျည်တောက်တောင်ကြား သို့မဟုတ် Admin Box တိုက်ပွဲတွင် ဂျပန်တို့အား ချေမှုန်းနိုင်ခဲ့သည်။ ထိုတိုက်ပွဲမှာ အာရကန်ပြည်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့်မောင်တော၌ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲမှာ မြန်မာပြည်၌ ဂျပန်တို့၏ ပထမဆုံးသော အကြီးမားဆုံး ရှုံးနိမ့်မှုတစ်ခုဖြစ်သည်။ အချို့ သမိုင်းပညာရှင်များက ထို ရှုံးနိမ့်မှုသည် အရှေ့တောင်အာရှရှိ စစ်ပွဲ၏ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သည်ဟု ဆိုကြသည်။

အရာရှိများနှင့် “V” တပ်ဖွဲ့မှ တပ်သားများအား ဂုဏ်ယူကြောင်း ပြောကြားလိုပါသည်။ အမှတ် ၁၄ တပ်မတော်၏ စွမ်းဆောင်မှုကြောင့် ဂျပန်စစ်တပ်မှာ အကြီးမားဆုံးသော ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့သည်။

Lt-General, William J Slim
သြဂုတ် ၃၁၊ ၁၉၄၄။

ဒုတိယဗိုလ်ချုပ်ကြီး William J. Slim မှာ ဗြိတိသျှ အမှတ် ၁၄ တပ်မတော်၏ ကွပ်ကဲရေးမှူးဖြစ်သည်။ ၎င်းက အာရကန်ပြည်တွင်း ဂျပန်တို့အားနှိမ်နင်းခဲ့ရာတွင် “V” တပ်ဖွဲ့၏ ကြိုးပမ်းမှုများအား ချီးကျူးဂုဏ်ပြုကြောင်း စာရေးသားပေးပို့ခဲ့သည်။

The National Archives UK: WO 172/4585
Burmese Outpost
Burmese Outpost

၁၉၄၅ ခုနှစ်တွင် အာဝင်၏ Burmese Outpost အမည်ရ စာအုပ်ကိုထုတ်ဝေခဲ့သည်။ ထိုစာအုပ်မှာ ၁၉၄၃-၁၉၄၄ ခုနှစ်များတွင် အာရကန်ပြည်မြောက်ပိုင်း၌ “V” တပ်ဖွဲ့နှင့် အတူရှိခဲ့စဥ်က အကြောင်းအရာများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ စာအုပ်ထဲတွင် အခန်း သုံးခန်းပါဝင်သည်။ ပထမအခန်း၌ ရိုဟင်ဂျာ (အာရကန်မူဆလင်) များနှင့် အလုပ်တွဲလုပ်ခဲ့စဥ်က အကြောင်းအရာများကို အလေးပေးဖော်ပြထားသည်။ စစ်အတွင်းက ဂျပန်များကို တိုက်ထုတ်ရာတွင် ၎င်းတို့၏ ပါဝင်ခဲ့မှုများကို ချီးကျူးဂုဏ်ပြုထားသည်။

“ဗြိတိသျှတွေက နှစ်ကြိမ်တိုင်တိုင် ဆုတ်ခဲ့ရတာတောင်မှ သူတို့တွေဟာ ကျွန်တော်တို့နဲ့အတူပြန်လာပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ ပြီးတော့ သူတို့က  ကျွန်တော်တို့နဲ့အတူ အသက်ပေးခဲ့၊ ကျွန်တော်တို့အတွက် အသက်ပေးခဲ့ကြပါတယ်။ အလားတူအခြေအနေမျိုးကြုံရတဲ့ တခြားသူတွေအနေနဲ့ အာရကန်မူဆလင်တွေလိုမျိုး သစ္စာရှိမှုနဲ့ စိတ်ရှည်သည်းခံနိုင်မှုတို့ကို ပြသနိုင်ပါ့မလားလို့တွေးမိတယ်။ ဒီလူတွေသာမရှိရင် ကျွန်တော်တို့ဟာ မျက်စိကန်း၊ နားကန်းဖြစ်နေမှာပဲ။ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ မျက်စိတွေ၊ နားတွေ ဖြစ်ခဲ့ပါတယ်”

Capt. Anthony Irwin

Burmese Outpost, စာ-၂၂ နှင့် ၂၅

The Listener
The Listener Anthony Irwin
The Listener - Rohingya
The Listener: Apr . 5, 1945/Greg Constantine
Photo - Unknown/The Listener

၁၉၄၅ ခုနှစ် အစောပိုင်း၌ Irwin က ဗြိတိန်ရှိ နေအိမ်၌ရှိနေသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့၌ ဘီဘီစီ ရေဒီယို၏ နာမည်ကြီးအစီအစဥ်တစ်ခုဖြစ်သည့် Window on the World အတွက် Eyes of the 14th Army အက်ဆေးတစ်ပုဒ်ကို ဖတ်နေခဲ့သည်။ ၎င်းက ရိုဟင်ဂျာ အသိုက်အဝန်းနှင့် “V” တပ်ဖွဲ့တို့၏ အရေးပါမှုအကြောင်း ပြောပြခဲ့သည်။ ထိုအစီအစဥ်ကို ထုတ်လွှင့်စဥ်က လူပေါင်း ၄.၅ သန်း နားဆင်ခဲ့ကြသည်။

၁၉၄၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၌ The Listener မဂ္ဂဇင်းတွင် အဆိုပါရေဒီယိုအစီအစဥ်မှ ကူးယူချက်မှတ်တမ်းကို ဖော်ပြခဲ့ပြီး၊ “အာရကန်မူဆလင် (ရိုဟင်ဂျာ)” ကင်းထောက်များအား ပထမကမ္ဘာစစ်လက်ကျန် ရိုင်ဖယ်များ၊ ဓားများကို အသုံးပြုတတ်ရန်လေ့ကျင့်ပေးနေသည့် ရှားပါးဓာတ်ပုံတစ်ပုံလည်း ပါဝင်ခဲ့သည်။

Rohingya War Service Certificate
Rohingya
Rohingya
Background: British Library: IOR/V/11/3677-8

၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဗြိတိသျှအစိုးရက အာရကန်ပြည်မှ ရိုဟင်ဂျာ ခုနစ်ဦးကို စစ်မှုထမ်းဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုဆုများကို ဘားမားဂေဇက် သတင်းစာ၌ တရားဝင်ကြေညာခဲ့သည်။ ထိုအထဲမှ တစ်ယောက်မှာ ဘူးသီးတောင်မှ ရွာသူကြီး အာဗ်ဒူလ်ဆလမ် ဖြစ်သည်။ Irwin ၏  Burmese Outpost  ထဲတွင်လည်း ၎င်းအကြောင်းကို ဖော်ပြခဲ့ပြီး “ကွင်းဆင်းမှတ်တမ်း” စာအုပ်များထဲမှ တစ်အုပ်တွင်လည်း ပါဝင်ခဲ့သည်။ ဖော်ပြထားသည့်ပုံများမှာ ၁၉၄၉ ခုနှစ်က ထုတ်ပေးခဲ့သည့် ၎င်း၏ မြန်မာနိုင်ငံကူးလက်မှတ်နှင့် စမ်မှုထမ်းဂုဏ်ပြုလွှာမူရင်းတို့ဖြစ်သည်။ 

၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ဗြိတိသျှတို့က အာရကန်ပြည်မှ နောက်ထပ် ရိုဟင်ဂျာနှစ်ဦးအား ဗြိတိသျှဘုရင်၏ ဆုတံဆိပ်ကို ပေးအပ်ခဲ့သည်။ (အောက်တွင် ဖော်ပြထားသည့်ပုံ) ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၌ ရန်ကုန်မြို့တွင် ဂျပန်တို့က ဗြိတိသျှတို့ထံ လက်နက်ချခဲ့သည်။apan surrendered to the on August 28, 1945.

Rohingya British Empire Medal
Background: British Library: Mss Eur E390
IOR/V/11/3877-8