
ပံ့ပိုးကူညီကြသူများ
ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ အိုင်ယာလန်၊ ဒိန်းမတ် နှင့် မလေးရှားနိုင်ငံများတွင် နေထိုင်ကြသည့် ရိုဟင်ဂျာများက ဤဓာတ်ပုံပရောဂျက်ကို ပံ့ပိုးကူညီပေးထားပါသည်။ အောက်တွင် ဖော်ပြထားသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
Sobor A - Abu Z - Mohammed A - Ibrahim - Solim U - Anamul H - Mohammed Y - Abdu G - Abul K - Abdullah - Rohim U - Mohammed Y - Kafayet U - Gura M - Mohammed T - Mohammed F - Sayadul K - Noor A - Ershat H - Mohammed A - Sahed A- Olla M - Nojibul I - Mohammed A - Nur A - Zubair H - Irshad H - Mohammed I - Surut A - Shaif H - Nurul B - Mohammed J - Muni B - Sayed U - Nur B - Nur A - Hafez U - Shofiqul I - Sultan A - Ataur R - Sayed A - Umar - Sodu R - Abdu K - Ehsan - Nur S - Akber R - Shaker A - Mohammed Z - Zorkor - Roshid U - Islam - Halima - Mohammed S - Mohammed I - Mohammed D - Nurul A - Zeyar - Mohammed H - Mohammed A - Boli A - Mohammed T - Minara - Sanjida B - Mohammed F - Daloo - Rahena - Aziz G - Mohammed N - Harul A - Somima K - Senu A - Mohammed S - Abdul R - Lotifa B - Yasin A - Halima - Dil A - Nosima K - Yah Y - Ayub K - Maung N - Alfas K - Mustak A - Mustafa K - Mohammed M - Ibrahim - Twasin - Abul H - Dilwar K - Mohammed A - Osama - Mabu A- Mohammed N - Maung M - Mohammed E - Saifu R - Mohammed - Hla Tin - Monzur I - Abdullah - Siabi R - Abdul J - Haikal - Zaibu R - Nurul S - U Ba Sein - Daw Khin Hla - Nurul Islam - Aman Ullah - Mohammed E - Zubair H - Ayub H - Nur A
မြန်မာနိုင်ငံတွင်း နေထိုင်နေကြဆဲဖြစ်သည့် ရိုဟင်ဂျာလူထုအသိုက်အဝန်းမှ တစ်ဦးတစ်ယောက်ချင်းစီကလည်း ဤပရောဂျက်ကို ပံ့ပိုးကူညီပေးထားပါသည်။
ဤပရောဂျက်အတွက် အသုံးပြုရန် မိသားစု မှတ်တမ်းမှတ်ရာများကို ပံ့ပိုးကူညီပေးခဲ့သည့် Anthony Irwin မိသားစုကိုလည်း ကျေးဇူးတင်ရှိပါသည်။

အဖွဲ့
-
HABI ZULLAH
Habi Zullah ကို အာရကန်ပြည်နယ်၊ မောင်တောမြို့တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၂၀၀၅ ခုနှစ်တွင် စစ်တွေတက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ၎င်း၏ မွေးရပ်မြေကို စွန့်ခွာခဲ့ရပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ၎င်း၏ လူထုအသိုက်အဝန်းကို အထောက်အပံ့ဖြစ်စေရန်အတွက် နိုင်ငံတကာ NGO များနှင့် ကာလရှည်စွာ လက်တွဲအလုပ်လုပ်ကိုင်နေသူဖြစ်သည်။ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ၊ ဗြိတိန် ကြက်ခြေနီအသင်း၊ ဒိန်းမတ် ဒုက္ခသည်ကောင်စီ နှင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် SKUS အဖွဲ့၏ ပညာရေးကဏ္ဍအတွက် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။ ရိုဟင်ဂျာများအပေါ် ဖိနှိပ်အကြမ်းဖက်မှုများနှင့် ဆက်စပ်သည့် ဆုရ အစီရင်ခံစာများ၊ သတင်းများအတွက် ဘာသာပြန်ခြင်း၊
သုတသနပြုခြင်းတို့ကိုလည်း ကူညီ၍လုပ်ကိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင် နှင့် Public International Law & Policy Group (PILPG) တို့တွင်လည်း လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းပြုစုသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Habi Zullah သည် အေပီသတင်းဌာန၊ ဘီဘီစီ၊ Al Jazeera၊ တိုင်းမ်မဂ္ဂဇင်း၊ International State Crime Initiative၊ ရိုက်တာ သတင်းဌာန၊ Sky News တို့မှ သတင်းထောက်များ၊ သုတေသီများနှင့် အခြားသော အလွတ်တန်းသတင်းထောက်များ၏ သတင်းဖော်ပြချက်များ၊ အစီရင်ခံစာများအတွက် အရေးပါသည့် ကဏ္ဍမှပါဝင်ခဲ့သည်။
-
RO ANAMUL HASAN
Anamul Hasan ကို ၁၉၉၇ ခုနှစ် တွင် အာရကန်ပြည်နယ်၊ မောင်တောမြို့မြောက်ဘက်ပိုင်းတွင် မွေးဖွားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ရူပဗေဒဘာသာရပ်ဖြင့် တက္ကသိုလ်တက်ရောက်ရန်စီစဥ်ထားသော်လည်း ရိုဟင်ဂျာတစ်ဦး ဖြစ်နေသည့်အတွက် ခွဲခြားဆက်ဆံခံခဲ့ရကာ တက္ကသိုလ် တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရသည်။ Anamul အတွက် ကဗျာအနုပညာနှင့် ဓာတ်ပုံများမှာ အဖိနှိပ်ခံဘဝမှ ရုန်းကန်တိုးထွက်လာသည့် အသံများပင်ဖြစ်သည်။ ကဗျာများမှတစ်ဆင့် ၎င်း၏ နာကျင်ခံစားရမှုများကို ကြားသိစေလိုပြီး ဓာတ်ပုံများမှတစ်ဆင့် ၎င်း၏ ဆင်းရဲဒုက္ခများကို ကမ္ဘာက မြင်စေလိုသည်။
၎င်း၏ ကဗျာများသည် I am a Rohingya၊ Rohingya Dreams၊ Poetry For Humanity၊ Oxfam၊ Frontier Myanmar နှင့် အခြားသော ထုတ်ဝေမှုများတွင်ဖော်ပြခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်တွင် ဒိန်းမတ်ဒုက္ခသည်ကောင်စီက ကျင်းပသည့် ကဗျာပြိုင်ပွဲတွင် ပထမဆုကို ရရှိခဲ့ပြီး ဂျပန်မီဒီယာတစ်ခုက ကျင်းပသည့် ဓာတ်ပုံပြိုင်ပွဲတွင်လည်း ပထမဆုကိုရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့ရှိ Erasmus တက္ကသိုလ်ကလည်း ၎င်း၏ ဆောင်ရွက်မှုများကို အသိအမှတ်ပြုခဲ့သည်။ Elon တက္ကသိုလ်မှ ပါမောက္ခ Tom Arcaro ၏ ဆောင်းပါးတိုထဲတွင် ၎င်း၏ အနုပညာဖန်တီးမှုကို ထည့်သွင်းဖော်ပြခဲ့သည်။ Rohingyatographer မဂ္ဂဇင်းအတွက်လည်း ဓာတ်ပုံများရိုက်ကူးပေးနေသူဖြစ်သည်။
-
SHOWKUTARA
Showkutara ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ်တွင် ၎င်း၏ ဇာတိမြို့၌ပင် အထက်တန်းကျောင်းပြီးမြောက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် မိသားစုနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ ကော့ဘဇားဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိသည်။
၎င်းသည် ရပ်ရွာအတွင်းမှ ကလေးငယ်များ၏ ဆရာမတစ်ဦးဖြစ်သကဲ့သို့ သုတေသီနှင့် ဘာသာပြန်တစ်ဦးလည်း ဖြစ်သည်။၂၀၁၉ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းပြုစုသူတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရိုဟင်ဂျာအမျိုးသမီးအဖွဲ့ (RWAED) ၏ အမှုဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ၎င်း၏ အဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း ပညာရေးနှင့် အသိပညာပေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနေသည့် အဖွဲ့လည်းဖြစ်သည်။ ၎င်း၏ အဖွဲ့မှာ တိကျပြတ်သားသော ရည်ရွယ်ချက်ရှိပြီး စိတ်အားထက်ထက်သန်သန်ဖြင့် ဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည့်အတွက် ရိုဟင်ဂျာလူထု အသိုက်အဝန်းအတွင်း ခွန်အားဖြစ်စေပြီး ၎င်းတို့၏ ဘဝများအတွက် အပြုသဘောဆောင်သည့်သက်ရောက်မှုများဖန်တီးနိုင်စေရန် လုပ်ဆောင်ပေးနိုင်ခဲ့သည့် မှတ်တမ်းကိုလည်း စိုက်ထူထားနိုင်သည်။ -
RO YASSIN ABDUMONAB
Ro Yasin Abdumonab သည် မြန်မာနိုင်ငံတွင် ကျောင်းဆရာတစ်ဦးဖြစ်ခဲ့ပြီး အင်္ဂလိပ်စာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များကို သင်ကြားခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အကြမ်းဖက်မှုများက အရှိန်မြင့်လာခဲ့ခြင်းကြောင့် ၎င်သည် တက္ကသိုလ်တွင် ပညာသင်ယူနေရာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်သည့်အခါ ၎င်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသူနှင့် မှတ်တမ်းရိုက်ကူးသူဖြစ်လိုခဲ့သည်။ ယခုအခါ ကော့ဘဇား ဒုက္ခသည်စခန်းတွင်နေထိုင်ပြီး မှတ်တမ်းဓာတ်ပုံဆရာ၊ သင်တန်းဆရာနှင့် အလွတ်တန်းသတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်နေသည်။ ပြည်တွင်းနှင့်ပြည်ပ သတင်းဌာနများ၊ NGO များ နှင့် အခြားသော သုတေသနပရောဂျက်များ အတွက် ဘာသာပြန်သူ၊ သတင်းရေးသားသူအဖြစ်လည်း ကူညီလုပ်ကိုင်ခဲ့ပြီး အလွတ်တန်းပညာရှင်တစ်ဦးအဖြစ်ရပ်တည်နေသူဖြစ်သည်။
New Humanitarian, ရိုက်တာသတင်းဌာန၊ ဂါးဒီးယန်းသတင်းစာ၊ Al Jazeera၊ Amnesty International၊ France 24၊ အာရှဖောင်ဒေးရှင်း၊ The Observer၊ The Business Standard နှင့် The Telegraph တို့အတွက်လည်း သတင်းဓာတ်ပုံများရိုက်ကူးပေးခဲ့သည်။ Rohingyatographer မဂ္ဂဇင်း အတွက်လည်း သတင်းဓာတ်ပုံများရိုက်ကူးနေသူဖြစ်သည်။
-
BURMA TEAM
ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် အခြား ရိုဟင်ဂျာ လေးဦးသည် ပရောဂျက်အဖွဲ့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းတို့မှာ ဒေသတွင်းရှိ နေရာအသီးသီးတွင် အလွန်ခက်ခဲသောအခြေအနေများအောက်တွင် နေထိုင်ကြရသည်။ ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ဤပရောဂျက်အတွက် အဖိုးမဖြတ်နိုင်သည့် မှတ်တမ်းများကို တဖြည်းဖြည်းချင်းစုဆောင်းကာ ပံ့ပိုးကူညီပေးခဲ့ကြသည်။ လုံခြုံရေးအခြေအနေအရ ၎င်းတို့၏ အမည်များ၊ အထောက်အထားများ၊ နေရပ်ဒေသများနှင့် နောက်ခံအကြောင်းအရာများကို အမည်မသိဖော်ပြဘဲထားရှိထားပါသည်။
-
GREG CONSTANTINE
Greg Constantine သည် အလွတ်တန်းမှတ်တမ်းဓာတ်ပုံဆရာ၊ စာရေးဆရာနှင့် သုတေသီတစ်ဦးဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် နှစ် ၂၀ တာကာလအတွင်း Nowhere People နှင့် Seven Doors ကဲ့သို့သော ကာလရှည်ပရောဂျက်များဖြင့် လူ့အခွင့်အရေး၊ မညီမျှမှု၊ ခွဲခြားဆက်ဆံမှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် နိုင်ငံတော်အာဏာတို့နှင့် ဆက်စပ်၍ အဓိကမှတ်တမ်းတင်ခဲ့သည် ။ Constantine သည် ၂၀၀၆ ခုနှစ်တွင် Exiled To Nowhere: Burma's Rohingya ပရောဂျက်ဖြင့် ရိုဟင်ဂျာတို့၏ အကြောင်းကို ပထမဆုံး စတင်မှတ်တမ်းတင်ခဲ့သည်။ ယခုအခါ ရိုဟင်ဂျာများနှင့် ပတ်သက်သည့်အကြောင်းအရာများကို တစိုက်မတ်မတ်မှတ်တမ်းတင်ခဲ့သည်မှာ ၁၈ နှစ်ကြာခဲ့ပြီဖြစ်သည်။
၎င်းသည် Kenya’s Nubians: Then & Now (၂၀၁၁)၊ Exiled To Nowhere: Burma’s Rohingya (၂၀၁၂) နှင့် Nowhere People (၂၀၁၅) အစရှိသည့် စာအုပ်များကို ထုတ်ဝေခဲ့သူဖြစ်ပြီး၊ Nowhere People မှာ Photo District News နှင့် Mother Jones မဂ္ဂဇင်းတို့မှ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး ဓာတ်ပုံစာအုပ်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ အပိုင်း ခုနစ်ပိုင်းပါဝင်သည့် The Seven Doors Journal ကိုလည်း ရေးသားခဲ့သူဖြစ်သည်။
ကမ္ဘာအနှံ့ရှိ မြို့ပေါင်း (၄၀)ကျော်တွင်လည်း ၎င်း၏ လက်ရာပြပွဲများကို ကျင်းပခဲ့ပြီးဖြစ်သည်။ ၎င်း၏ အဓိက လက်ရာပြပွဲတစ်ခုဖြစ်သည့် Burma’s Path To Genocide အမည်ရ ဓာတ်ပုံပြပွဲကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ US Holocaust Memorial Museum မှ စီစဥ်ကျင်းပခဲ့ပြီး Constantine မှာ ဧည့်ပြတိုက်မှူး အဖြစ်ပါဝင်ခဲ့သည်။
၎င်းသည် ဗြိတိန်နိုင်ငံ Middlesex တက္ကသိုလ်မှ ပါရဂူဘွဲ့ကိုရရှိခဲ့သည်။ ဗြိတိန်အခြေစိုက် Independent Social Research Foundation မှ အလွတ်တန်းပညာရှင်နှင့် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး၊ ကနေဒါနိုင်ငံ British Columbia ရှိ Salt Spring အနုပညာကောင်စီမှ ပေးအပ်သည့် ၂၀၁၇ခုနှစ် Artist in Residence ကိုလည်း ရရှိထားသူဖြစ်သည်။ ထို့ပြင် Queen Mary University of London ရှိ International State Crime Initiative ၏ ဧည့်ပညာရှင်တစ်ဦးလည်းဖြစ်သည်။