
၄
တိုင်းသစ်ပြည်သစ်တစ်ခု
လွတ်လပ်ရေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်မှု
“မြန်မာလူမျိုးတွေက မြန်မာပြည်မှာ မူဆလင်တွေကို မလိုလားကြတာ ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ သူတို့က ကျွန်တော်တို့ကို မြန်မာပြည်ကနေ နှင်ထုတ်ဖို့ ခဏခဏကို အင်တိုက်အားတိုက် လုပ်ခဲ့ကြတယ်။ ထိပ်ပိုင်းကလူပဲဖြစ်ဖြစ်၊ အောက်ခြေလူတန်းစားပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် တူညီတဲ့ ပြဿနာကတော့ မြန်မာတွေရဲ့ ရန်လိုမှုပါပဲ”
Waji Ullah
“V” တပ်ဖွဲ့၏ စကားပြန်ဟောင်း
မတ်လ ၂၃၊ ၁၉၄၆။
ဗိုလ်ကြီး Anthony Irwin ထံသို့ပေးပို့ခဲ့သည့် စာ
ရာစုနှစ်တစ်ခုစာ လူမျိုးခွဲခြား၍ အုပ်ချုပ်ခဲ့သည့် ဗြိတိသျှကိုလိုနီ၏ မူဝါဒများနှင့် စစ်အတွင်းက ဒေသခံအသိုက်အဝန်းများအကြား အကြမ်းဖက်မှုများက အာရကန်ပြည်တွင်း၌ ကြီးမားသည့် သွေးကွဲမှုများကို ဖြစ်စေခဲ့သည်။ ထိုသွေးကွဲမှုများသည် ဗြိတိသျှလက်မှ မြန်မာပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေစဥ် ကာလတစ်လျောက် အရှိန်မြင့်တက်လာခဲ့သည်။ စစ်ပြီးပြီးချင်းမှာပင် လက်နက်ကိုင်ပုန်ကန်မှုများနှင့် ပရမ်းပတာအခြေအနေများမှာ အာရကန်ပြည် အပါအဝင် မြန်မာပြည်တစ်ဝန်း ပျံ့နှံ့လာခဲ့သည်။ တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားမှာ တိုင်းပြည်၏ နိုင်ငံရေးအခြေအနေကို တစ်စထက်တစ်စ ပုံဖော်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားတိုင်းရင်းသားလူမျိုးစုကြီးများမှ ကိုယ်စားလှယ်များဦးဆောင်သည့် ကြားကာလမြန်မာအစိုးရက လွတ်လပ်ရေးမရမီ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့နှင့် စပ်လျဥ်း၍ နိုင်ငံရေးဆွေးနွေးမှုများလုပ်ခဲ့သည့်တိုင်အောင် အာရကန်ပြည်တွင်းရှိ လူထုအသိုက်အဝန်းများမှာ လျစ်လျူရှုခံခဲ့ရပြီး ဆွေးနွေးမှုများ၌ ချန်လှပ်ထားခြင်းခံခဲ့ရသည်။ အာရကန်ပြည်တွင်းရှိ ရိုဟင်ဂျာနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များက ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းစဥ်များခိုင်လုံမှုရှိစေရန် ချက်ချင်းဆိုသလိုပင် လုပ်ဆောင်ခဲ့ကြသောကြောင့် အတိုက်အခံ နိုင်ငံရေးမဟာမိတ်များပေါ်ပေါက်လာပြီး တောင်းဆိုချက်များ အပြိုင်အဆိုင်ထွက်လာခဲ့သည်။
အာရကန်ပြည်ရှိ ရိုဟင်ဂျာများက ၎င်းတို့ကို မြန်မာနိုင်ငံနှင့် ဆက်နွယ်မှုရှိပြီး မြန်မာနိုင်ငံ၏လူမျိုးစုတစ်စုအဖြစ် အသိအမှတ်ပြုပေးရန် နှင့် ထိုကဲ့သို့ရှုမြင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်းတို့ပါဝင်နိုင်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၎င်းတို့၏ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုကို မြှင့်တင်နိုင်ခဲ့ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဘုံအမှတ်လက္ခဏာထဲတွင် ၎င်းတို့၏ ပါဝင်မှုကို အသိအမှတ်ပြုခံခဲ့ရသည်။
နိုင်ငံတစ်ဝန်းတွင် ပိုကြီးမားသည့် လူထုအသိုက်အဝန်းများက နိုင်ငံရေးနှင့်အာဏာ အရွေ့အပြောင်းများ၌ လွှမ်းမိုးခဲ့သည့်တိုင်အောင် ထိုစဥ်က ရိုဟင်ဂျာများ၏ နိုင်ငံရေးကစားကွက်များက အထူးသဖြင့် အာရကန်ပြည်တွင်း၌ ရိုဟင်ဂျာများသည် အရေးပါသူများဖြစ်ကြောင်း သိသာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ပေးစာများ၊ မှတ်တမ်းများ နှင့် အပြန်အလှန်ရေးသားပေးပို့ခဲ့သည့်စာများက ရိုဟင်ဂျာများသည် မြန်မာပြည်သမိုင်းတွင် ယခုကဲ့သို့ အရေးကြီးသည့် ကာလတစ်ခု၌ ဘေးမှရပ်ကြည့်နေသူများမဟုတ်ဘဲ တက်ကြွစွာပါဝင်ခဲ့ကြသူများဖြစ်ကာ တိုင်းသစ်ပြည်သစ်၌ ၎င်းတို့ ထိုက်သင့်သည့် အခွင့်အရေးများအားလုံးရရန် လုပ်ဆောင်ခဲ့ကြသည်ဟု ပြသနေသည်။
ဧပြီ ၂၈၊ ၁၉၄၅။
ကာလကတ္လားရှိ Elliot ဧည့်ဂေဟာ၌ အသက် ၂၅ နှစ်အရွယ် ဝဂျီးအူလ္လာက လက်နှိပ်စက်ရှေ့ထိုင်ကာ စာပိုဒ် သုံးပိုဒ်ပါ စာတစ်စောင်ကို ရေးနေသည်။ “ကောလိပ်တက်ချင်တာကြောင့် V တပ်ဖွဲ့ကနေ နှုတ်ထွက်ခဲ့တာပါ” ဟု ၎င်းက ရေးသားခဲ့သည်။ ဝဂျီးအူလ္လာမှာ ရိုဟင်ဂျာတစ်ဦးဖြစ်ကာ ၎င်းကို မြန်မာနိုင်ငံ၊ အာရကန်ပြည်မြောက်ပိုင်း၊ မောင်တောမြို့တွင် ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၁ နေ့၌ မွေးဖွားခဲ့သည်။ ၎င်းမှာ စာရေးဖြစ်ခဲ့ပြီး “V” တပ်ဖွဲ့ထဲတွင် အယုံကြည်ရဆုံးသော စကားပြန်များထဲမှ တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ရှေ့တန်းစစ်မြေပြင်များမှနေ၍ ဂျပန်တပ်များနှင့် တိုက်ပွဲများကိုလည်း ကြုံတွေ့ခဲ့ရသည်။ ၎င်းကိုယ် ၎င်း “V” တပ်ဖွဲ့၏ စကားပြန်ဟောင်းဟု ဖော်ပြထားသည့် ထိုစာသည် ဗြိတိသျှတပ်မှ ၎င်း၏ မိတ်ဆွေလည်းဖြစ် ကွပ်ကဲသူအရာရှိလည်းဖြစ်သည့် ဗိုလ်မှူး Anthony S. Irwin ထံသို့ ရေးသားပေးပို့ခဲ့သည့် စာသုံးစောင်ထဲမှ ပထမဦးဆုံးတစ်စောင်ဖြစ်သည်။
ဇွန် ၈၊ ၁၉၄၅။
Irwin ထံသို့ ပေးပို့ခဲ့သည့် ဒုတိယမြောက်စာထဲ၌ ဝဂျီးအူလ္လာက “အာရကန်မူဆလင်တွေနေထိုင်တဲ့ နေရာမှ လူတစ်ဦးတစ်ယောက်ချင်းစီက ခင်ဗျားကို သတိရနေကြတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ကျေးဇူးပြုပြီး အာရကန်ပြည်က မူဆလင်တွေရဲ့ လုပ်ဆောင်မှုတွေကို အလုံးစုံနီးပါးရေးထားတဲ့ ခင်ဗျားရဲ့ စာအုပ်ကိုလည်း ပို့ပေးစေလိုပါတယ်” ဟု ရေးသားထားပါသည်။ ၎င်း၏ စာမှာ အာရကန်ပြည်ရှိ “V” တပ်ဖွဲ့အကြောင်းရေးထားပြီး ထုတ်ဝေပြီးသည်မှာ မကြာသေးသည့် Irwin ၏ စာအုပ် Burmese Outpost ကို ရည်ညွှန်းခြင်းဖြစ်သည်။ Irwin က ဝဂျီးအူလ္လာနှင့် အခြားသော ရိုဟင်ဂျာအများအပြားအကြောင်းကို စာအုပ်ထဲ၌ ဖော်ပြထားသည်။ ပထမစာနှစ်စောင် (သို့မဟုတ် ထိုစာများထဲမှ ကောက်နုတ်ချက်အချို့) ကို စာအုပ်နောက်ရှိ နောက်ဆက်တွဲဖော်ပြချက်တွင် ထုတ်ဝေခဲ့သည်။
မတ် ၂၃၊ ၁၉၄၆။
ကာလကတ္တားရှိ Baker ဧည့်ဂေဟာမှနေ၍ ဝဂျီးအူလ္လာက Irwin ထံသို့ နောက်ထပ် စာတစ်စောင်ကို ရေးသားခဲ့သည်။ စစ်ပွဲမှာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ လွတ်လပ်သော မြန်မာပြည်အကြောင်းကသာ လူတိုင်းပါးစပ်ဖျားပေါ်ရောက်နေပြီး လူမျိုးရေးမငြိမ်မသက်မှု များကလည်း နိုင်ငံတစ်ဝန်းတွင် စတင်တောက်လောင်နေခဲ့ပြီး ဖြစ်သည်။ ၁၉၄၆ ခုနှစ်က ရိုဟင်ဂျာတစ်ဦးအနေဖြင့် မြန်မာပြည်တွင်းရှိ မူဆလင်များရင်ဆိုင်နေရသည့် ပြဿနာများကို ရေးသားခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးအကြောင်းကိုလည်း ရေးသားခဲ့သည့်အပြင် လွတ်လပ်မှုနှင့်တရားဥပဒေစိုးမိုးရေးတို့အပေါ် ၎င်း၏ ထင်မြင်ယုံကြည်ချက်ကိုလည်း ရေးသားခဲ့သည်။
ဝဂျီးအူလ္လာက Irwin ထံသို့ ပေးပို့ခဲ့သည့် မူရင်းစာ။
မတ် ၂၃၊ ၁၉၄၆။

“မြန်မာပြည်နဲ့ တခြားနေရာတော်တော်များများမှာ လူတွေက ပုန်ကန်ထကြွနေကြပြီး လွတ်လပ်မှုအတွက် တောင်းဆိုဆန္ဒပြနေကြတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဆန္ဒပြသူတွေ၊ ပုန်ကန်သူတွေနဲ့ ကျွန်တော့်အမြင်က မတူဘူး။ ကျွန်တော်က ဖွဲ့စည်းပုံဥပဒေကို အပြည့်အဝထောက်ခံတယ်။ ဒီဖွဲ့စည်းပုံဥပဒေ အထက်မှာဘယ်သူမှမရှိစေရဘူး”
ဝဂျီးအူလ္လာ
မတ် ၂၃၊ ၁၉၄၆။
ဝါရီအူလာမှ Irwin ထံသို့ ပေးပို့ခဲ့သည့် မူရင်းစာ။
၁၉၄၆ ခုနှစ်တွင် ဦးအောင်ဆန်းနှင့် အခြား ကိုယ်စားလှယ်ခေါင်းဆောင်များသည် အာကျပ်ခရိုင်၌ တွေ့ဆုံကာ အာရကန်ပြည်နှင့် လွတ်လပ်သော မြန်မာပြည်၏ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့အထဲတွင် မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနုနှင့် ဘူးသီးတောင်မှ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ အမ်အေဂဖားရ် (ညာဖက်မှ ဒုတိယ) တို့ ပါဝင်ခဲ့သည်။
“လွတ်လပ်မှုရမယ်ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ရသင့်တယ်။ လွတ်လပ်မှုအတွက်တောင်းဆိုရမှာ မှန်တယ်ဆိုပေမယ့် မှန်ကန်နေတဲ့အရာတစ်ခုကို မှားယွင်းတဲ့နည်းလမ်းနဲ့ လုပ်ဆောင်တာဟာလည်း မှားတာနဲ့ အတူတူပါပဲ”
၁၉၄၇ ခုနှစ်အစောပိုင်းက မြန်မာပြည်ဘုရင်ခံသို့ တင်ပြခဲ့သည့် အစီရင်ခံစာထဲတွင် အိန္ဒိယရေးရာအကြံပေးက အူရဒူ၊ ဘင်္ဂါလီ အပါအဝင် အိန္ဒိယအသိအမှတ်ပြု ဘာသာစကားခြောက်မျိုးထဲမှ တစ်မျိုးမျိုးကို ပြောသူများအား နိုင်ငံရေးအရအကျုံးဝင်သော လူနည်းစုအဖြစ် တစ်စုတည်းထားရန် အကြံပြုခဲ့သည်။ ထို နိုင်ငံရေးအရအကျုံးဝင်သောလူနည်းစုအသစ်ကို မြန်မာပြည်၏“အိန္ဒိယအမျိုးသား လူနည်းစု” အဖြစ် ခေါ်ဆိုရန် အကြံပြုခဲ့သည်။
ရိုဟင်ဂျာများကဲ့သို့ပင် ဟိန္ဒူနှင့် မူဆလင် လူထုများမှာ ဗြိတိသျှတို့ ကိုလိုနီမပြုမီ နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်တွင် ဆွေစဥ်မျိုးဆက်နေထိုင်ခဲ့ကြသူများဖြစ်သည်။ သို့တိုင်အောင် ခွဲခြားဆက်ဆံမှုနှင့် တရားသေမုန်းတီးမှုတို့က “အိန္ဒိယလူမျိုး” ဟူသည့် အသုံးအနှုန်း၌ စွဲနေပြီးဖြစ်သလို “နိုင်ငံခြားသား” ဖြစ်သည်ဆိုသော စွပ်စွဲမှုလည်းရှိနေသည်။ “အိန္ဒိယလူမျိုး” ဟု ခွဲခြားသတ်မှတ်လိုက်ပါက ထိုသတ်မှတ်မှုမှာ မဲစာရင်းနှင့် နိုင်ငံရေးအရ ကိုယ်စားပြုမှုတို့အပေါ် လွှမ်းမိုးမှုရှိသွားမည်ဖြစ်သည်။ လွှတ်တော်အတွက်လာမည့် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအဖြစ် ပါဝင်ခွင့်ရရေးအတွက်လည်း စာဖြင့် တင်ပြတောင်းဆိုမှုများလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။

Minority - Classification thereof.
I suggest:
a) THAT THE INDIAN CITIZENS OF BURMA, SHALL BE GROUPED UNDER ONE POLITICAL MINORITY, CALLED
b) THAT SUCH MINORITY SHALL HAVE THE SIX INDIAN LANGUAGES ALREADY RECOGNIZED BY THE EDUCATIONAL CODES OF BURMA, WHEN BURMA WAS A PROVINCE OF INDIA, AND WHEN BURMA WAS A SEPARATE POLITICAL ENTITY
- TAMIL, URDU, TELEGU, HINDI, GUJERATI AN BENGALI -
Report submitted to Governor of Burma by
Mr. S.A.S Tyabji (Advisor on Indian Affairs)
February 22, 1947
ဤအစီရင်ခံစာထွက်သည့်အချိန်မှာပင် မောင်တောနှင့်ဘူးသီးတောင် မှ ရိုဟင်ဂျာများက မောင်တောမြို့၌ လူထုစုဝေးပွဲလုပ်ခဲ့ကြသည်။ ၎င်းတို့က ရိုဟင်ဂျာများမှာ မြန်မာပြည်၏ ဌာနေဒေသခံများအဖြစ် ခံယူကြပြီး “အိန္ဒိယလူမျိုးများ” အဖြစ် သတ်မှတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
ထိုစုဝေးပွဲသို့ တက်ရောက်လာကြသည့် ရိုဟင်ဂျာများက ထိုသို့သတ်မှတ်ခြင်းကို “ဆိုးရွားလှသည့် တရားမမျှတမှု” တစ်ခုအဖြစ် ဆိုကြပြီး ၎င်းတို့ကို “အိန္ဒိယလူမျိုးများ” သို့မဟုတ် “နိုင်ငံခြားသားများ” အဖြစ်မသတ်မှတ်ဘဲ “မြန်မာနိုင်ငံသားများ” အဖြစ် သို့မဟုတ် မြန်မာပြည်နှင့် ဆက်နွယ်သူများအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုခဲ့ကြသည်။ ထို လူထုစုဝေးပွဲကို ရိုဟင်ဂျာခေါင်းဆောင် အမ်အေဂဖားရ်က ဦးဆောင်ခဲ့သည်။

ယခုဖော်ပြထားသည်မှာ လန်ဒန်ရှိ မြန်မာပြည်ဆိုင်ရာအတွင်းဝန်ထံသို့ ထိုစုဝေးမှုနှင့် တက်ရောက်လာသော ရိုဟင်ဂျာများ၏ တောင်းဆိုချက်များကို အကြောင်းကြားထားသည့် ကြေးနန်းမူရင်းဖြစ်သည်။ လူထုစုဝေးပွဲ သဘာပတိ၊ အဗ်ဒူလ်ဂဖားရ် ဖေဖော်ဝါရီ ၁၉၊ ၁၉၄၇။

ထိုစုဝေးမှုအပြီး နှစ်ရက်အကြာ၌ New Times of Burma သတင်းစာက ရိုဟင်ဂျာများကဲ့သို့ပင် မြန်မာမူဆလင်များကိုလည်း အိန္ဒိယလူမျိုးများအဖြစ် ဆက်ဆံခြင်းမပြုရန် ဖော်ပြခဲ့သည်။
ရိုဟင်ဂျာလူထုခေါင်းဆောင်များဖြစ်ကြသည့် ဆူလ်တန်အာမက်နှင့် အဗ်ဒူလ်ဂဖားရ်တို့ပါဝင်သည့် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲရလဒ်များ။ ဆူလ်တန်အာမက်၏ ဓာတ်ပုံ။
Unknown: Photo Sultan Ahmed

ဆူလ်တန်အာမက်နှင့် အဗ်ဒူလ်ဂဖားရ် တို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် အသိအမှတ်ပြုခံရသည့် ၁၉၄၇ ခုနှစ်၊ မေလ ၁၃ ရက်နေ့၌ပင် ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှဝန်ကြီးချုပ်Clement Atlee ထံသို့ မြန်မာပြည်အား အာဏာလွှဲအပ်ပေးရေးအတွက် နေ့ရက်ကို သတ်မှတ်ပေးရန် တောင်းဆိုသည့် စာကိုပေးပို့ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လထဲတွင် ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူရန်လည်း စီစဥ်ထားသည်။
၁၉၄၇ ခုနှစ် ဇွန်လထဲတွင် လွှတ်တော်စတင်ခဲ့သည်။ စစချင်းမှာပင် မြန်မာပြည်၏ ပထမဆုံးအခြေခံဥပဒေကို ရေးဆွဲရန် တာဝန်ပေးအပ်ခံရသည်။ ဇွန်လ ၂၀ရက်၊ ၁၉၄၇ ခုနှစ်ထုတ် New Times of Burma သတင်းစာတွင်ဖော်ပြခဲ့သည့် လွှတ်တော်အဖွဲ့ဝင်များ၏ ဓာတ်ပုံ။

(3) Fundamental Rights:
The most important point as regards the Fundamental Rights is citizenship. This point had been considered many times by the Fundamental Rights Sub Committee to come to a concrete decision. A small interim committee was also formed to go into details...
ဖွဲ့စည်းပုံအခြေခံဥပဒေထဲရှိ အခြေခံအကျဆုံးသောအခွင့်အရေးများနှင့် ဆက်စပ်နေသည့် အရေးကြီးဆုံးသော ကိစ္စရပ်မှာ နိုင်ငံသားဖြစ်မှုပင် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထဲ၌ နိုင်ငံသားဖြစ်မှုကို မည်ကဲ့သို့ သတ်မှတ်မည်ကို ဆွေးနွေးရန်အတွက် ကြားကာလအထူးကော်မတီကိုဖွဲ့စည်းခဲ့သည်။ ထို ခြောက်ဦး ကော်မတီထဲပါဝင်သူများအနက် တစ်ဦးမှာ ဆူလ်တန်အာမက်ဖြစ်သည်။

စက်တင်ဘာလ ၁၉၄၇ ခုနှစ်ထဲ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့သည်မှစ၍ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီအထိ Burmese Review သတင်းစာထဲတွင် ထုတ်ဝေခဲ့သောဆောင်းပါးများထဲမှ ခေါင်းစဥ်များကို ရက်စွဲအလိုက်စီထားပုံ။
Background: Rangoon Daily, January 4, 1948

ဇန်နဝါရီလ ၄ရက်၊ ၁၉၄၈ ခုနှစ်၌ မြန်မာပြည်သည် လွတ်လပ်သော တိုင်းသစ်ပြည်သစ်တစ်ခုဖြစ်လာခဲ့သည်။ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံအခွင့်အရေးများ အခန်းတွင် မြန်မာနိုင်ငံသားဖြစ်မှုကို အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ဝါဂျီးအူလ္လာ၊ ဇိန်းအူဒင်၊ ဆူလ်တန်အာမက်၊ အမ်အေဂဖားရ် နှင့် ရိုဟင်ဂျာလူထုများထဲမှ ထောင်နှင့်ချီသောလူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
“ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ရိုဟင်ဂျာတွေက တူညီတဲ့ နိုင်ငံသားဖြစ်မှုကို ရခဲ့ကြတယ်။ ဦးနုလို၊ သမ္မတ စဝ်ရွှေသိုက်လိုမျိုးပဲ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ သူတို့တွေကလည်း ကျွန်တော်တို့လိုပဲ တူညီတဲ့ နိုင်ငံသားဖြစ်မှုကို ခံစားခဲ့ကြရပါတယ်”
Aman Ullah (Rohingya elder)
၂၀၂၃